ပုလောမြို့နယ်တွင် အသက်(၆)လမှ (၅)နှစ်အောက်ကလေးငယ်များကို Vitamin A နှင့် သံချဆေး တိုက်ကျွေး

ပုလော  ဇန်နဝါရီ  ၂၀

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက်(၆)လနှစ် (၅)နှစ်အောက်ကလေးငယ်များအား Vitamin Aနှင့် သံချဆေးကို ယနေ့နံနက် ၈ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက တိုက်ကျွေးလျက်ရှိကြောင်းသိရသည်။

အသက်(၆)လမှ (၅)နှစ်အောက် ကလေးများကို Vitamin A တိုက်ကျွေး၍  အသက် (၂)နှစ် အထက်ကလေးများကို Vitamin A နှင့် သံချဆေး တိုက်ကျွေးခဲ့ကြောင်း၊ ပုလောမြို့ပေါ် (၅) ရပ်ကွက်နှင့် မကျည်းကုန်း၊ ခမောင်းတော၊ နတ်အိမ်ကမ်းကျေးရွာရှိ အသက်(၆)လမှ (၅)နှစ် အောက် ကလေးငယ်(၁၂၀၀)ကျော်ကို တိုက်ကျွေးခဲ့ပြီးဖြစ်ကြောင်း ပုလောမြို့နယ် ကျန်းမာရေး ဝန်ထမ်းများထံမှ သိရသည်။

အေးအေးမော်(ပုလော)