ဂန့်ဂေါမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်

ဂန့်ဂေါ စက်တင်ဘာ ၂၅

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါမြို့ရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေးနှင့်အရေးပေါ်ကာကွယ်ကုသရေးမြို့နယ်အဆင့်ကော်မတီအဖွဲ့ဝင်များပူးပေါင်း၍ Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို နံနက်(၈) နာရီမှ(၁၀)နာရီထိလည်းကောင်း၊ ညနေ(၄) နာရီမှ(၅:၃၀)နာရီထိလည်းကောင်း နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်တားဆီးနိုင်ရန် ရည်ရွယ်ပြီး ဂန့်ဂေါမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်တားဆီးရေးကော်မတီအဖွဲ့မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများပူးပေါင်း၍ ပြည်သူများ ဝင်ထွက်သွားလာမှု များပြားသည့် မြို့မဈေးနှင့်ပြည်သူ့ဆေးရုံရှေ့ရှိ မြို့တွင်းလမ်းဆုံနေရာတွင် နှာခေါင်းစည်း Mask မတပ်ဆင်ဘဲနေအိမ်ပြင်ပသွားလာခြင်းမပြုရန် ပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask မတပ်ဆင် သူများအား Mask (၂)ခုလျှင် ၂၀၀၀/-ကျပ်နှုန်းဖြင့် ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ကြကြောင်း သိရသည်။
ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုများပြားလာသည့်အတွက် ဂန့်ဂေါမြို့နယ်ရှိ ပြည်သူများ သည် နေအိမ်ပြင်ပသို့မဖြစ်မနေသွားလာရပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များကို တာဝန်ရှိသူများကနေ့စဉ်  နှာခေါင်းစည်း(Mask)များကို စနစ်တကျတပ်ဆင်ကြရန် ကြေညာပေး လျက်ရှိကြောင်း သိရသည်။
မျိုးမင်းသန်း(ပြန်/ဆက်)