ရွှေဘို ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မသန်စွမ်း၊ အမျိုးအစားနှင့်အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show) ကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးမြမွန်က အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူးဒေါ်မေအင်ကြင်းက၊ မသန်စွမ်းအဓိပ္ပါယ်၊ မသန်စွမ်းအမျိုးအစားများအကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများ၊ မသန်စွမ်းသူများအား ထောက်ပံ့ပေးနေမှု့နှင့် စောင့်ရှောက်ပေးနေသည့် အခြေအနေများ၊ ပြည်သူများသိသင့်သိထိုက်သည်များကို အကျယ်တဝင့်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းများကို Online စနစ်ဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန် အသိပညာပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Shwe Bo Facebook Pageတွင်စဥ်ဆက်မပြတ် စီစဉ်တင်ဆက်ပေးလျှက်ရှိကြောင်း သိရသည်။
အေးမြင့်စန်း ခရိုင် (ပြန်/ဆက်)