ထားဝယ် ဇန်နဝါရီ ၁၉
နယ်စပ်ရေးရာဝန်ကြီးဌာနနယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်၊ ရေဖြူမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ ကင်းတောင် (ကူးတို့တော) ပသျှူးရေ ကျေးရွာချင်းဆက်မြေသားလမ်း ၄/၆ မိုင်ဖောက်လုပ်ခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
အဆိုပါကင်းတောင်(ကူးတို့တော)ပသျှူးရေ ကျေးရွာချင်းဆက် မြေသားလမ်း ၄/၆ မိုင်ဖောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၂၉ ဒသမ ၃၉၀ သန်းဖြင့် ချိုးခေါနူးကုမ္ပဏီမှ တင်ဒါအောင်မြင်ပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် လုပ်ငန်းများစ တင်ဆောင်ရွက်ခဲ့ရာ လမ်းပေါ်ရှိ ၅ ပေ Box Culvert ၄ စင်းတည်ဆောက်ခြင်း လုပ်ငန်းတို့သည် လက်ရှိတွင်လုပ်ငန်းများ ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
ငွေဇင်ယော်(ထားဝယ်)
ကျော်ကျော်လတ်