ဘုရားသုံးဆူ စက်တင်ဘာ ၂၅
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရာသုံးဆူမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အလိုက် အိမ်တိုင်ရာရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို မြို့အုပ်ချုပ်ရေးမှူး မှတစ်ဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း၊ ဘုရားသုံး ဆူမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု စုစုပေါင်း (၁၀၁၅၃)စုအား ထောက်ပံငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စောရဲဝင်းထွဋ် (ပြန်/ဆက်)