သာပေါင်းမြို့နယ်သို့ ပုသိမ်ခရိုင် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဇီးဖြူကွင်းကျေးရွာ၊ မကျည်းကုန်းကျေးရွာများတွင် နေကြာစိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေ များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး အသိပညာပေး

သာပေါင်း ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်သို့ ပုသိမ်ခရိုင် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်မှ စတင်၍ ဇီးဖြူကွင်းကျေးရွာ၊မကျည်းကုန်းကျေးရွာများတွင် နေကြာစိုက်ပျိုး ဖြစ်ထွန်းနေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး၍ အသိပညာပေး ပြောကြားခဲ့ကြသည်။

ပုသိမ်ခရိုင် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကို၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဝင်းစိုး၊ ခရိုင်မြေစာရင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်း၊ ပုသိမ်ခရိုင် ဆည်မြောင်းဦးစီးဌာန၊ ဦးစီးမှူးဦးဇော်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်တိုးမြင့် ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးအရာရှိ၊ စိုက်တိုးမြင့် ကော်မတီ အတွင်း‌ရေးမှူး ဦးမျိုးမြင့်လွင်နှင့် အဖွဲ့ဝင်တို့က ဇီးဖြူကွင်း
ကျေးရွာအုပ်စု၊ ဇီးဖြူကွင်းကျေးရွာ၊ ကွင်းအမှတ်(၆၉၆)၊ ဦးပိုင်အမှတ်(၁၃၄)၊ တောင်သူ ဦးစိုးအောင်၏ ရိုးပြတ်ကျန်ဧကအပေါ်တွင် ဆောင်းနေကြာ သီးသန့်စိုက်(၂)ဧက၊ သီးညှပ်စိုက (၂)ဧက စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေ၊ မကျည်းကုန်းကျေးရွာအုပ်စု၊ ထန်းပင်ကွင်ကျေးရွာ တောင်သူဦးမြအုန်း၏ ကွင်းအမှတ် (၅၇၅)၊ ဦးပိုင်(၁/၂)၊ စိုက်ဧက(၆)ဧက အပေါ်တွင် ဆောင်းနေကြာ စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး နေကြာ ဖြစ်ထွန်းအောင်မြင်စေရေးအတွက် ရေသွင်းရန်၊ မြေသြဇာကျွေးရန်၊ ဘောင်လုံး ဘောင်တင်ရန်၊ အပင်သားခွဲခြင်းလုပ်ငန်းများ၊ နေကြာအပင်ပေါက်ရောက်မှု၊ အပင်ကြီးထွားမှု၊ နေကြာများအား အပင်ရေလောင်းနေမှု၊ မြေသြဇာကျွေးရန်၊ ပျိုးပင်သားခွဲရန် လုပ်ငန်းများ ဆောင်ရွက်သွားကြရန် နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံ၍ အသိပညာပေး မှာကြားဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်