ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

ကျိုက်ဒုံ ဇန်နဝါရီ ၁၉

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဝါဝါလင်းတို့မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်ပတ်သပ်၍ ပြည်သူများသတိပြုလိုက်နာရန်အချက်များ၊ မော်တော်ဆိုင်ကယ်အန္တရာယ်ကင်းရှင်းရေး(၁၀)ချက်၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပြုဆင်ခြင်ရမည့်အချက်များ၊ ဥပဒေပုဒ်မများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစီမံချက်ထိရောက်အောင်မြင်ရေး အထောက်အကူဖြစ်စေမည့် ဦးစားပေးအစီအစဉ်များ စသည့်အကြောင်းအရာများအား အကျယ်တစ်ဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်