သာယာဝတီမြို့နယ်တွင် စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

သာယာဝတီ     ဇန်နဝါရီ   ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဒေသနှင့်ကိုက်ညီသော နေကြာမျိုးများ ဖူလုံပိုလျှံရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာမျိုးစေ့များနှင့် စိုက်ပျိုးနည်းပညာများကူညီပံ့ပိုးပြီးကျေးရွာအုပ်စု(၇)အုပ်စုမှ တောင်သူ(၅၈)၏ စိုက်ပျိုးမြေ (၁၂၇)ဧကတွင်စိုက်ပျိုးထားရှိရာ စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သာယာဝတီမြို့နယ်အနေဖြင့် နေကြာမျိုးစေ့ထုတ်စိုက်ခင်းများကို ဖိုးခေါင်ကျေးရွာ တောင်သူ(၈)ဦးမှ (၁၀)ဧက၊ စံရွေးကျေးရွာ တောင်သူ(၁၅)ဦးမှ (၂၂)ဧက၊ ကျွန်းကုန်းကျေးရွာ တောင်သူ(၉)ဦးမှ (၂၀)ဧက၊ သဲဖြူကျေးရွာ တောင်သူ(၁)ဦးမှ(၁၂)ဧက၊ ဇွယ်ငူကျေးရွာ တောင်သူ(၈)ဦးမှ (၁၈)ဧက၊ အင်းရွာကျေးရွာ တောင်သူ(၅)မှ (၁၅)ဧက၊ သင်တောရိုးကျေးရွာမှ တောင်သူ(၁၂)ဦးမှ (၃၀)ဧက စုစုပေါင်း(၁၂၇)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

မျိုးစေ့ထုတ်ဆင်းရွှေကြာစိုက်ခင်းများအောင်မြင်စေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ တောင်သူများနှင့်ပူးပေါင်း၍ သိပွံနည်းကျစိုက်ပျိုးနည်းဖြစ်သည့် တစ်ဧကတင်း(၆၀)ထွက်ရှိရေး ထယ်ရေးညက်ညက်ပြုပြင်ပြီး တစ်ဧကမျိုးစေ့(၃)ပြည်အသုံးပြုပြီး သတ်မှတ်အပင်ဦးရေ(၂၉၀၀၀)ဝင်ဆန့်စေရန် စနစ်တကျစိုက်ပျိုးခဲ့ကြောင်းနှင့် သွင်းအားစုအနေဖြင့် ထယ်ရေးပြင်ချိန်တွင် တစ်ဧကနွားချေးနှင့် မြေဆွေးတစ်မျိုးမျိုးကို နွားလှည်း(၅)စီးမှ(၁၀)စီး၊ ယူရီယား(၁၁၂)ပေါင်၊ တီစူပါ(၅၆)ပေါင်နှင့် ပိုတက်ရှ်(၅၆)ပေါင်အသုံးပြုပြီး အဖူးဝင်ချိန်တွင် ယူရီးယား(၅၆)ပေါင် ထပ်မံထည့်သွင်း စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

သန့်ဇော်(ပြန်/ဆက်)