လိပ်သို ဇန်နဝါရီ ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာများတွင် နနွင်းတက်ကို တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ် သိုလှောင်ရောင်းဝယ်ခြင်းလုပ်ငန်းများကို ယခုအခါ တွင်ကျယ်စွာလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခင်က မိမိတို့အိမ်တွင်း စားသုံးရန်နှင့် ဒေသတွင်းစားသုံးရန်အတွက်သာ စိုက်ပျိုးထုတ်လုပ်ခဲ့ကြသော်လည်း စိုက်ပျိုးရေးဦးစီးဌာန၏ ကွင်းဆင်းအသိပညာပေးမှု၊ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးအသိပညာများနိုးကြားလာမှု၊ ဈေးကွက်ရရှိလာမှုတို့ကြောင့် နှစ်စဉ်တိုးချဲ့စိုက်ပျိုးလာခဲ့ကြရာ ယခုနှစ်မိမိတို့၏ မြေနေရာများတွင် စီးပွားဖြစ် တွင်ကျယ်စွာစိုက်ပျိုးထုတ်လုပ်လာခဲ့ကြကြောင်း သိရှိရသည်။
ယခင်နှစ်က နနွင်းတက်ဈေးကောင်းရရှိကြ၍ စိုက်ပျိုးသူတောင်သူများ၊ စီးပွားဖြစ်သိုလှောင်ရောင်းဝယ်သူများ၊ အကျိုးအမြတ်များစွာရရှိခဲ့ကြ၍ ယခုနှစ်တွင် ဒေသခံတောင်သူများက စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးထုတ်လုပ်သိုလှောင်ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်