လှိုင်းဘွဲမြို့နယ်ထီလုံကျေးရွာ စစ်မူထမ်းဟောင်းအိမ်ရာမှ စာဖြေသံဃာများအတွက် ဆွမ်းဆန်စိမ်း လောင်းလှူဒါန်း

လှိုင်းဘွဲ   ဇန်နဝါရီ  ၁၉

ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာတွင် စစ်မှုထမ်းဟောင်းအိမ်းရာမှ မိသားစုဝင်များက စာဖြေသံဃာများအတွက် ဆွမ်းဆန်းစိမ်း လောင်းလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွန်းဆန်းစိမ်းလောင်းလှူဒါန်းခြင်းကို ထီလုံကျေးရွာ စစ်မှုထမ်းဟောင်းအိမ်းရာမှ စစ်မှုထမ်းဟောင်းများ၊ အရန်စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များက ထီလုံကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ စာဖြေသံဃာ (၂၂၉)ပါးအတွက် ဆန်၊ဆီ၊ဆား၊ မုန့်ခြောက်မျိုးစုံနှင့် လှူဖွယ် ဝတ္ထုတို့ကို ဆွမ်းဆန်စိမ်းလောင်လှူခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)