ဖျာပုံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေများ ထောက်ပံ့ ပေးအပ်

ဖျာပုံ စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ဖျာပုံခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက အလှူငွေပေးအပ် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ရောဂါပျံ့နှံ့မှုမရှိစေရေး၊ အရှိန်မြှင့်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသော ဦးသိမ်းဆွေ၊ ဦးဘိုဘိုမင်းဇော်၊ ဦးသန်းဆောင်၊ ဒေါ်ပြုံးပြုံးအေးတို့က မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ လှူဒါန်းငွေ(၁၂)သိန်း၊ ကွယ်လွန်သူခင်ပွန်း ဦးထွန်းကြည်နှင့် သမီးဒေါ်လှလှဝင်းတို့အား ရည်စူး၍ ဒေါ်တင်တင်(သြစတေးလျ)မိသားစုမှ အလှူငွေကျပ်()သိန်း၊ ဖျာပုံမြစ်တန်းပင်လယ်ကျားပိုက်လုပ်ငန်းရှင်များအသင်းမှ အလှူငွေကျပ်(၁၅)သိန်း၊ ဒေါ်ကီး၊ ဒေါ်ရှု၊ ဦးဇော်နိုင်+ဒေါ်ခင်မျိုးနွယ် မိသားစု(ရန်ကုန်)တို့မှ အလှူငွေကျပ် ()သိန်း()သောင်းနှင့် ဒေါ်မြမြဝင်း၊ ဒေါ်မာမာဦး မိသားစု(အပျိုကြီးပုစွန်ချဉ်) အမှတ်() ရပ်ကွက်မှ(၁၀)သိန်း၊ စုစုပေါင်း လှူဒါန်းငွေကျပ် (၅၃)သိန်း()သောင်းကျပ်အား အသီးသီးပေးအပ် လှူဒါန်းကြရာ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကော်မတီဝင်များက လက်ခံရယူကြကြောင်း  သိရသည်။

အောင်ဝင်းနိုင် (ပြန်/ဆက်)