ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ တတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ ဇန်နဝါရီ ၁၉

ကရင်ပြည်နယ်အတွင်း ယာဉ်မတော်တဆထိခိုက်မှုများကြောင့် ပြည်သူတို့၏အသက်နှင့် လူမှုစီးပွားဆုံးရှုံးမှုများ၊ ယာဉ်ကြောင့်ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းကျဆင်းစေရန် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စစ်ဆေးခြင်း၊ အရေးယူခြင်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သဖြင့်ပြည်နယ်အတွင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှစ၍ ယာဉ်မတော် တဆမှုနှင့်သေဆုံး ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းကျဆင်းခဲ့ကြောင်း၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ ၏ လုပ်ငန်းစီမံချက်(၂၀၂၁-၂၀၃၀)အဓိက ရည်မှန်းချက်ဖြစ်သည့် ယာဉ်မတော်တဆမှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိမှု ၅၀ ရာခိုင်နှုန်းလျော့ချနိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန်နှင့် လိုအပ်ချက်၊ အခက်အခဲများကိုလည်း တင်ပြဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက်လာသော ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့ဝင်များက ယခင်အပတ်အစည်းအဝေးဆုံး ဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ကောင်စီအတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးဒေါ်ခင်ခင်စီက  ခရိုင်အဆင့်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့နှင့် ဆပ်ကော်မတီ(၄)ရပ် ဖွဲ့စည်းထားရှိမှုအခြေနေ၊ ယာဉ်စည်း ကမ်း၊လမ်းစည်းကမ်း ကြပ်မတ် ထိန်းသိမ်းမှုအခြေအနေ၊ ယာဉ်များစစ်ဆေးမှုနှင့်ပညာပေးဟောပြောမှု၊ ပြည်နယ်အတွင်းယာဉ်တိုက် မှု၊ ဒဏ်ရာရရှိမှု၊ သေဆုံးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေနွေးတင်ပြကြပြီး ကောင်စီအဖွဲ့ဝင်ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)