မော်လမြိုင်ကျွန်း၌ ကိုဗစ် - ၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် ကျေးရွာများအရောက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်

မော်လမြိုင်ကျွန်း၊ စက်တင်ဘာ ၂၅

မော်လမြိုင်ကျွန်းမြို့နယ်တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍  ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ မမွှေးကျွန်းကျေးရွာ အုပ်စုအတွင်းရှိ  မမွှေးကျွန်း ကျေးရွာ၊  သရက်ချောင်းကျေးရွာ၊ ကျုံလမု သစ်ကျေးရွာနှင့် ကျုံလမုကျေးရွာတို့အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွား စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များအား ပြည်သူများသိရှိ လိုက်နာရန် လှည့်လည်ကြေငြာခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။   

ထို့နောက် မိုးရာသီတွင်ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဝေမျှခြင်းလုပ်ငန်းများကို အများပြည်သူတို့ သိရှိလိုက်နာနိုင်စေရန် ကွင်းဆင်းလှည့်လည်၍  Hand Speaker ,  Loud Speaker  များ ဖြင့်  အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)