တန့်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁) ဦး ဆေးရုံမှ ဆင်းခွင့်ရ

တန့်ဆည်  စက်တင်ဘာ   ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် တုတ္တလုပ်ကျေး ရွာအုပ်စု၊ တုတ္တလုပ် ကျေးရွာမှကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးစစ်ချက်များအရ ရောဂါပိုး မတွေ့ရှိတော့ခြင်း၊ သတ်မှတ်ချက် များနှင့်ပြည့်မီ၍ ကျန်းမာရေး ကောင်းမွန်လျက်ရှိခြင်းတို့ကြောင့် ယနေ့  နံနက် ၆ နာရီခွဲ အချိန်တွင်မြို့နယ်ပြည်သူ့ဆေးရုံမှ ဆင်းခွင့် ရရှိကြောင်း သိရသည်။

အဆိုပါ လူနာအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှတာ ဝန်ရှိသူတို့က အားပေးစကားပြောကြားပြီး မြို့နယ်ဆရာဝန်ကြီးက ဆေးရုံမှဆင်းပြီးနောက် တိကျစွာ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားကာ တာဝန်ရှိသူများ၏ စီစဉ်မှုဖြင့် အိမ်အရောက်လိုက်လံပို့ဆောင်ခဲ့ပြီး ၄င်းအနေဖြင့် နေအိမ်တွင် Home Quarantine (၇) ရက် နေထိုင်ရ မည်ဖြစ်ကြောင်းသိရသည်။

တန့်ဆည်မြို့နယ်တွင် စက်တင်ဘာ(၂၄)ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၂) ဦးရှိရာ (၁) ဦး ဆေးရုံမှ ဆင်းခွင့်ရသောကြောင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် (၁) ဦးသာ ကျန်ရှိပြီး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်းသိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)