ကရသူရိမြို့တွင် ရေဘေး/လေဘေးကြောင့် ပျက်စီးခဲ့ရသည့် နေအိမ်(၈)လုံးအတွက် ငွေသားနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်

ကရသူရိ စက်တင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမ၌  ရေဘေး/လေဘေးကြောင့် ပျက်စီးခဲ့ရသည့် နေအိမ်(၈)လုံးအတွက် ငွေသားနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါပေးအပ်ခြင်းကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကော့သောင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအိုင်မားနှင့် အဖွဲ့သည် ရေးဘေး/ လေဘေးကြောင့်   နေအိမ်(၈)လုံးအတွက် ငွေသားစုစုပေါင်း (၈၈၈၂၀၀) ကျပ်နှင့် တစ်အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးကို လွှဲပြောင်းပေးအပ် ခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးက လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါအပျက်စီးခဲ့ရသည့် နေအိမ်(၈)လုံးသည် ကရသူရိမြို့ မသေကျေးရွာအုပ်စုနှင့် ကော့ဗမာ ကျေးရွာအုပ်စုမှ နေအိမ်များဖြစ်ပြီး၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းတိုက်ခတ်ခြင်းနှင့် ထူးကဲဒီရေမြင့်တက်မှုကြောင်း နေအိမ်အချို့ ထိခိုက်ပျက်စီးမှု အနည်းငယ်ဖြစ်ပွားခဲ့ကာ လူနှင့်တိရစ္ဆာန်များထိခိုက်/သေဆုံးမှုမရှိခဲ့ကြောင်းနှင့် ၎င်းနေအိမ်များ သို့ မြို့အုပ်ချုပ်ရေးမှူးမှတစ်ဆင့် လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးဝင်း(ပြန်/ဆက်)