ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာကြည့်တိုက်ပညာဆင့်ပွား သင်တန်းဖွင့်လှစ်သင်ကြား

ညောင်လေးပင် ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်ရုံးသည် ပြည်သူဗဟိုပြု ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် စာငှား၊ စာဖတ်လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ၊ သတင်းဝန်ဆောင်မှုလုပ်ငန်းများစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူအဆင်ပြေနိုင်ရန်အတွက် စာကြည့်တိုက်ပညာဆင့်ပွားသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူခုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်သင်ကြားခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင်  အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်းရှင်းလင်းပြောကြားပြီး စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာရေးသူအခြေခံကတ်ပြားပုံစံ၊ စာရေးသူကတ်ပြားများ၊ စာငှားစနစ်၊ စာကြည့်တိုက်အမျိုးအစားများစသည့် စာကြည့်တိုက်ပညာနှင့်သက်ဆိုင်သော အကြောင်းအရာများအား သင်တန်းပို့ချခဲ့ရာ တက်ရောက်လာသောသင်တန်းသူ၊ သင်တန်းသားများက စိတ်ပါဝင်စားစွာလေ့လာသင်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်လှစ်သင်ကြားရာတွင် သင်တန်းမှူးအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီဝင်းမှ တာဝန်ယူဆောင်ရွက်ကာ ရုံးတွင်းဝန်ထမ်းများ တက်ရောက်ခဲ့ပြီး နောက်လများတွင်လည်း သင်တန်းများဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်