လှိုင်းဘွဲ စက်တင်ဘာ ၂၅
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များ အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များအား ကြိုးပမ်းဆောင်ရွက်မှု များကို အသိအမှတ်ပြုသောအားဖြင့် နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများအနေဖြင့် မိမိကျရာလုပ်ငန်း တာဝန်များ ကို ကျေပွန်စွာ ထမ်းရွက်နိုင်သလို ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်ရသည့် ရွေးကောက်ပွဲ လုပ်ငန်းတာဝန်များအား အချိန်နှင့်တပြေးညီ ပြီးစီး အောင် ကြိုးစားဆောင်ရွက်ရမှုကြောင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များထံ ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) (၄၀) ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၉၁၂၀၀) ကျပ်ကို စုစုပေါင်းငွေကျပ် (၃၆၄၈၀၀၀) ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)