အမာမြို့ လူထုအခြေပြုဗဟိုဌာန၌  စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ ပြုလုပ်

အမာ ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများကိုပြုလုပ်ပေးရာတွင် ကလေးငယ်များ ကာယဉာဏစွမ်းရည် များတိုးတက်လာစေရန်၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်အတူ ပူ‌ပေါင်းဖောက်ပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲ၊ အရုပ်နှင့်ပုံစာဆက်ပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲ၊ ယုန်ခုန်ပြိုင်ပွဲ၊ စာအုပ်လက်ဆင့်ကမ်းပြိုင်ပွဲစသည်ဖြင့် ကျင်းပပေးခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူကလေးများက ပျော်ရွှင်စွာဖြင့်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူကလေးများအား တာဝန်ရှိသူများကဆုလက်‌ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြကြောင်း သိရှိရသည်။

 အမာ (ပြန်/ဆက်)