တနင်္သာရီဘဏ်၌ပင်စင်စားများ ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေး စီစဉ်ပေး

တနင်္သာရီ စက်တင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်စားများက မိမိ တို့၏ ပင်စင်လစာ လာရောက်ထုတ်ယူရာတွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အဆင်ပြေချောမွေ့စွာ ပင်စင်လစာငွေထုတ်ယူနိုင်ရေးအတွက် လစဉ် ၂၁ ရက်မှစတင်၍ လစာမထုတ်ခင် တစ်ရက်အထိ တစ်ကြိမ်နှင့် လဆန်း()ရက်မှ (၂၀)ရက်နေ့အထိ တစ်ကြိမ်ဖြင့် နေ့စဉ် နံက်(၈)နာရီခွဲမှ မွန်းလွဲ (၃)နာရီအထိ ပင်စင်စားများမှ စုပြုံ စေခြင်းမရှိစေဘဲ လမ်းညွှန်ချက်များအရ သက်တောင့်သက်သာစွာ တစ်ဦးနှင့်တစ်ဦး()ပေအကွာ၌ အနားယူစောင့် ဆိုင်းပြီး အမြန်ထုတ်ယူနိုင်ရန် စီစဉ်ပေးထားကြောင်း၊ ထို့အပြင် ငွေထုတ်ရန်လာစဉ် ဘဏ်ထဲသို့ မဝင်မှီ ပိုးသတ်ထားသော Hand Gel ဖြင့်စနစ်တကျ လက်ဆေးစေခြင်း၊ အပူချိန်တိုင်းပေးခြင်း၊ ငွေထုတ်ယူမှုစနစ်လွယ်ကူစေရန် ညွှန်းပို့ပေးခြင်းနှင့်အတူနေ့ချင်းအပြီး အဆင်ပြေ ချောမွေစွာ ငွေထုတ် ပေးနိုင်အောင်စီစဉ်ဆောင်ရွက်ပေးကြောင်းဤမြို့နယ် အတွင်း ပင်စင်စားဦးရေ စုစုပေါင်း (၄၀၇)ဦးရှိပြီး ကိုဗစ်ကာလအတွင်း၌ တစ်ရက်လျှင်(၅၀)ဦးခန့်သာ ထုတ်ယူကြကြောင်း မြန်မာ့ စီးပွားရေးဘဏ် မန်နေဂျာဒေါ်သန်းချိုဌေးထံမှ သိရှိရသည်။

တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်မှာ ပင်စင်လစာငွေထုတ်ယူရာအချိန်ကုန် သက်သာ မြန်ဆန် ၍စည်းကမ်း ချက်များနှင့်ဝန်ဆောင်မှုများအရ များစွာအဆင်ပြေမှုရှိကြောင်း ပင်စင် လာရောက် ထုတ်ယူသည့် အထက်တန်းကျောင်းအုပ် (အငြိမ်းစား)ဆရာမကြီး ဒေါ်ဝင်မြင့်သန်း၏ ပြောပြချက်အရ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)