တနင်္သာရီ ဇန်နဝါရီ ၁၈
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ အမက-အောက်ကင်းအရှေ့ကျောင်းတွင် ကျောင်းသား/သူများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာ ဖွံ့ဖြိုးရေးအတွက် ယမန်နေ့ နံနက် ၉ နာရီအချိန်က ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ် ပညာ ရေးမှူးများ၊ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများနှင့် ဆုရကျောင်းသူ/သားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကျောင်းသူ/သားလေးများက မြတ်ဆရာသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး မြို့နယ်ပညာရေးမှူး ဦးခင်ဇော်က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ အမက-အောက်ကင်းအရှေ့ ကျောင်းအုပ်ဆရာကြီး ဦးနေဇော်ဟိန်းက စုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ ကျောင်းအကျိုး ဆောင်အဖွဲ့မှ ဦးရဲနိုင်က ကျောင်းသားမိဘများ၏ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းတွင်းပြိုင်ပွဲမှ ကာယ/ဉာဏအတန်းလိုက် ပညာရည် ချွန်ဆုရရှိသူများနှင့် မြို့နယ်အဆင့်ပြိုင်ပွဲများ
တွင် ဆုရရှိခဲ့ကြသည့် ကျောင်းသူ/သားများအား ဆုချီးမြင့်ပွဲပြုလုပ်ရာ မြို့နယ်ပညာရေးမှူး ဦးခင်ဇော် ၊ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်အေး၊ ကျောင်းအကျိုးဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ကျောင်း အုပ်ကြီးများနှင့်တာဝန်ရှိသူများက ဆုတံဆိပ် နှင့်ဂုဏ်ပြုလက်မှတ်၊ဆုငွေများကို အသီသီး ချီးမြှင့်ပေးကြကြောင်း သိရသည်။
ယင်းနောက် ကျောင်းသူ/သားလေးများက အတန်းလိုက် အကပဒေသာများဖြင့် ကပြဖျော် ဖြေကြရာ အခမ်းအနားသို့ တက်ရောက်လာသူများက အားပေးကြည့်ရှုကြပြီး ဆုတော်ငွေနှင့် ပန်းကုံးများ ချီးမြှင့်ပေးကြကာ အခမ်းအနားကို အောင်မြင်စွာမြောက်ခဲ့ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)