နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း၊ စက်တင်ဘာ ၂၅

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် ဘင်္ဂလာဒေ့နိုင်ငံမှ လာရောက်သည့် MV.KOTA RIO သင်္ဘောပေါ်မှ သင်္ဘောသား(၁၁)ဦး၊ စင်္ကာပူနိုင်ငံမှလာရောက် သည့် M.V  GERM SPRING သင်္ဘောပေါ်မှ သင်္ဘောသား(၃)ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ လာရောက် သည့် MT POLARIS သင်္ဘောပေါ်မှ သင်္ဘောသား(၁၄)ဦး၊ စင်္ကာပူ နိုင်ငံမှလာရောက်သည့် MT GOLDEN DENISE သင်္ဘောပေါ်မှ သင်္ဘောသား(၇)ဦး၊ ဘင်္ဂလားဒေ့ နိုင်ငံမှလာရောက်သည့် MV KOTA AZAM သင်္ဘောပေါ်မှ သင်္ဘောသား(၆)ဦး၊ စင်္ကာပူနိုင်ငံမှ လာရောက်သည့် MT EAGLE-1 သင်္ဘောပေါ်မှ သင်္ဘောသား(၁၄)ဦး၊ အာဂျင်တီးနားနိုင်ငံမှ လာရောက်သည့် MV YANGZE-15သင်္ဘောပေါ်မှ သင်္ဘောသား(၁၀)ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် M.V  XIN AN JIANGသင်္ဘောပေါ်မှ သင်္ဘောသား(၃)ဦး စုစုပေါင်းသင်္ဘောရှစ်စီးပေါ်မှ သင်္ဘောသား (၆၈)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက် လျက်ရှိကြောင်းသိရသည်။
သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား(၆၈)ဦးမှာ  ကော့သောင်းမြို့တွင်ကြိုတင် ရောက်ရှိနေသည့် MV.KOTA RIO သင်္ဘော ပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးသန်းထွဋ်ကြိုင်ပါ သင်္ဘော သား (၆)ဦး ၊ M.V  GERM SPRING သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးစိန်လှမောင် ပါ  သင်္ဘောသား (၃) ဦး၊ MT POLARIS သင်္ဘော ပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးနေမျိုးအောင် ပါ  သင်္ဘောသား (၁၄)ဦး၊  MT GOLDEN DENISE သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးနိုင်ဝင်းကြည် ပါ  သင်္ဘောသား (၆)ဦး ၊ MV KOTA AZAM သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးထွန်းထွန်းပါ  သင်္ဘောသား (၆)ဦး ၊ MT EAGLE-1 သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးသိန်းဇော်လုလု ပါ  သင်္ဘောသား (၁၄)ဦး ၊ MV YANGZE-15သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးအောင်မင်းမြတ် ပါ  သင်္ဘောသား (၅)ဦး ၊ M.V  XIN AN JIANG သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးအောင်ပြည့် ပါ  သင်္ဘောသား (၆)ဦး ၊ တို့ဖြင့်  တာဝန်လွဲပြောင်းယူခဲ့သူများဖြစ်သည်။
သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား(၆၈)ဦးအား  ဆိပ်ကမ်း၌ တာဝန်ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့ တွင် Hotel Quarantine (၁၄)ရက် ထားရှိပြီး ၎င်းတို့၏ Swb နမူနာ များအား ရန်ကုန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင် ဓာတ်ခွဲ စစ်ဆေးသွား မည်ဖြစ်ကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)