လပွတ္တာမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်လှစ်

လပွတ္တာ ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ယ်၊ ညောင်လိန်ကျေးရွာအုပ်စု သဲဖြူ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၉၇)စက်မှုလယ်ယာစခန်း၊ လပွတ္တာမြို့မှ လယ်ယာသုံးစက်ကိရိယာမောင်နှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်းဖွင့်ပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။

အခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးမြင့်ဌေးက အဖွင့်အမှာ စကားပြောကြားပြီး ထွန်စက်ကြီး၊ ကောက်စိုက်စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ စသည့်လယ်ယာသုံး စက်ကိရိယာများနှင့်ပတ်သက်၍ လက်တွေ့မောင်းနှင်ထိန်းသိမ်းခြင်းများကို သင်ကြားပေးမည်ဖြစ် ကြောင်းနှင့် မြို့နယ်ဦးစီးဌာနမှူး ဦးဝင်းထိုက်က သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တောင်သူ သင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းကို သင်တန်းသား(၃၀)ဦးဖြင့် ဇန်နဝါရီလ(၁၆)ရက်နေ့မှ (၂၇)ရက်နေ့ အထိ သင်တန်းကာလ(၁၂)ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

လပွတ္တာခရိုင်ပြန်/ဆက်