ဝေါမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ဝေါ ဇန်နဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်သည့်အလေ့အထများရရှိစေရန်နှင့် စာပေဗဟုသုတများနှီးနှောဖလှယ်နိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆို၊ ပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်သီတာဝင်းက ကျောင်းသား/ ကျောင်းသူများအား ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရာ၌ အဓိကပါဝင်ရမည့်အချက်များကို ပြောကြားပေးပြီး အလယ်တန်းအဆင့်၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ပန်းချီးပြိုင်ပွဲတွင် "စာကြည့်တိုက်သို့သွားကြဆို့ " ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲတွင် အထကဝေါအရှေ့ကျောင်းမှ  အလယ်တန်းအဆင့်ကျောင်းသား/ကျောင်းသူ(၂၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

အောင်မြတ်လင်း (ပြန်/ဆက် )