ဟင်္သာတမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေး နေ့စဉ်ကွင်းဆင်း ကောက်ယူလျက်ရှိ

ဟင်္သာတ ဇန်နဝါရီ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇန်ဝါရီလ ၉ ရက်နေ့ကစတင်၍ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ ၁၆၇ ဖွဲ့ဖြင့်၊ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ကွင်းဆင်းကောက်ယူလျက်ရှိသည်။

ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ကြီးကြပ်မှုကော်မတီအတွင်းရေးမှုး ဒေါ်သီတာအောင်နှင့် ခရိုင်နှင့် မြို့နယ်မြေပြင်ကွင်းဆင်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်၍ အခက်အခဲရှိသည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

ဟင်္သာတမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ အိမ်ထောင်စု ၈၄၅၇၇ စု၊ လူဦးရေ ၃၅၃၃၈၆ ဦးရှိပြီး အဆိုပါ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်မှုကို ဇန်နဝါရီလ ၉ ရက်နေ့မှ ယမန်နေ့အထိ အိမ်ထောင်စု ၅၀၈၂၇ စုနှင့် မသန်စွမ်း အိမ်ထောင်စုပေါင်း ၆၀၀ တို့ကို  ကောက်ယူပြီးစီးပြီကြောင်း ဆက်လက်၍ ကျန်ရှိစာရင်းများကိုလည်း ပူးပေါင်းအဖွဲ့များဖြင့် နေ့စဉ်ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ် လဝကရုံးမှ ဦးစီးအရာရှိ ဦးစိုးမြင့်အောင်ထံက သိရသည်။

ခရိုင်ပြန်/ဆက်