ပလက်ဝ ဇန်နဝါရီ ၁၇
ချင်းပြည်နယ်၊ ပလက်ဝခရိုင်၊ ပလက်ဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်နေပြည်သူများ လူမှုဘဝအကျိုး စီးပွားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် တွီးကင်းဝကျေးရွာ စာသင်ကျောင်း (၄ ၈၀'×၃ ၈၅'×၆') ခြံစည်းရိုးကာရံခြင်းနှင့် ဘောင်ကူးကျေးရွာ (၆၀'×၆'×၁၀') သစ်သားတံတားဆောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သည်။
ထိုသို့ ပလက်ဝခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး၊ ခရိုင်ဦးစီးမှူးဦးသန်းစိုးဦး၊ မြို့နယ်ဦးစီးမှူး ဦးမောင်ဝင်းလှိုင်နှင့် ရုံးထန်ထမ်းများအဖွဲ့သည် တွီကင်းဝကျေးရွာ စာသင်ကျောင်း ခြံစည်းရိုးကာရံခြင်းပြီးစီးမှုနှင့် ဘောင်ကူးကျေးရွာ သစ်သားတံတား ပြီးစီးမှုအခြေအနေကို သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ရာ ခရိုင်ဦးစီးမှူးဦးသန်းစိုးဦးတို့သည် ကျေးရွာနေ တာဝန်ရှိပြည်သူများနှင့် တွေ့ဆုံကာ ကြာရှည်တည်တံ့ခိုင်မြဲရေးနှင့် ရေရှည် အသုံးပြုနိုင်ရေး ထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ စာသင်ကျောင်း ခြံစည်းရိုးကာရံခြင်းသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ရန်ပုံငွေမှ ကျပ်(၁၀.၀၀)သန်းနှင့် ကျေးရွာနေပြည်သူများမှ ထည့်ဝင်ငွေကျပ် (၁.၀၀)သန်း စုစုပေါင်း ကျပ်(၁၁.၀၀)သန်း ကုန်ကျခံဆောက်လုပ်ခြင်းဖြစ်ပြီး သစ်သားတံတားသည် စီမံကိန်းရန်ပုံငွေမှ ကျပ်(၁၀.၀၀)သန်းနှင့် ကျေးရွာနေပြည်သူများမှ ထည့်ဝင်ငွေ ကျပ်(၁.၅)သန်း စုစုပေါင်း ကျပ်(၁၁.၅)သန်း ကုန်ကျခံတည်ဆောက်ခဲ့ရာ လုပ်ငန်းအားလုံးရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်