ကြံခင်းမြို့ (အ ထ က-၁)ကျောင်းတွင် ကျောင်းကျန်းမာရေးအဖွဲများ ကွင်းဆင်းစစ်ဆေး

ကြံခင်း  ဇန်နဝါရီ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကျောင်းကျန်းမာရေးအဖွဲ့များက (အ ထ က-၁)ကျောင်းသို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် အခြေခံပညာကျောင်း(ထက်၊ လယ်၊ မူ)ကျောင်းသား/သူများ၏ ကျောင်းအခြေပြု ကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ ကျောင်းတွင်းအာဟာရ ဖွံ့ဖြိုးမှုနှင့် အစားအစာများ အန္တရာယ် ကင်းစင်ရေးလုပ်ငန်း၊ ရောဂါကာကွယ်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းစတဲ့ ကျောင်းကျန်းမာရေးလုပ်ငန်း အချက်(၉)ချက်နှင့်အညီ စစ်ဆေးကြောင်း သိရသည်။

အဆိုပါ စစ်ဆေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကောင်းစိုးစံ ဦးဆောင်သော ကျောင်းကျန်းမာရေးအဖွဲ့များက ကျောင်းသား/သူများ ဆေးလိပ်သောက်သုံးခြင်းကြောင့် ဖြစ်ပွားနိုင်သောရောဂါများ၊  မူးယစ်ဆေးဝါသုံးစွဲခြင်းဖြင့် ရရှိလာသော ဆိုးကျိုးများနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်သောရောဂါများ၊  အစားအုပ်စုများ၏ ကောင်းကျိုး၊ ဆိုးကျိုးများ၊ တကိုယ်ရည်သန့်ရှင်းမှုကြောင့် ရရှိနိုင်သောအချက်များအား ကျောင်းကျန်းမာရေးအဖွဲ့များက စာသင်ခန်းအလိုက် အဖွဲ့များခွဲ၍ စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)