အောင်လံမြို့၌ အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေး

အောင်လံ ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ကာကွယ်ဆေး(၂)ကြိမ်ထိုးပြီး(၆)လပြည့်ပြီးသူ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ဇန်နဝါရီလ(၁၀)ရက်နေ့မှစတင်၍ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းများပြီးမှ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးပြီးသည့် ကျောင်းသား၊ကျောင်းသူများကို ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုခဲ့ကာ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးမှုကို စနစ်တကျဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၃၀၆)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)