မင်းတုန်း ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကြို့ကုန်းကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ရာ ဒီဇင်ဘာ ၁၆ ရက်နေ့ထိ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
အဆိုပါကျေးလက်ကုန်ထုတ်လမ်းသည် လမ်းအရှည် ၁/၄ မိုင်၊ အကျယ် ၁၂ ပေနှင့် လမ်းအထူ ၉ လက်မ မြေနီကျောက်စရစ်လမ်း အမျိုးအစားဖြစ်ပြီး ကျေးလက်နေတောင်သူများ လယ်ယာထွက်ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)