ရှမ်းရွာသစ် ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းတွင် မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရည်ရွယ်ချက်များနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သိကောင်းစရာများကို ကျောင်းသား/ သူများအား ဟောပြောပြီးနောက် စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်စေရေးပြုစုပေး၊ ရေ၊ မြေ၊ သစ်ပင်နီတိ၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းလျှင် အကျိုးရှိမှာအမှန်ပင်၊ သစ်တောသစ်ပင် ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ကြပါ၊ အမှိုက်များက စနစ်တကျ စွန့်ပစ်ဖျက်ဆီးခြင်းဖြင့် ကမ္ဘာကြီးကိုကယ်တင်ပါ၊ အမှိုက်များ၏ ဆွေးမြေ့မှုသက်တမ်းများ စသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများ ပါဝင်သော နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့ လာခဲ့ပြီး သိရှိလိုသည်များကိုလည်း မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အသိပညာပေး ဟောပြောပွဲသို့ ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/သူ (၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)