လောင်းလုံးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

လောင်းလုံး  ဇန်နဝါရီ ၁၆

တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့နံနက်၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင်မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်လွင်ကပြောကြားရာ၌ ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့်မြို့နယ်အတွင်း မိမိတို့ဌာနမှပေးအပ်သောတာဝန်များအပြင် မြို့နယ်အုပ်ချုပ်ရေးအနေဖြင့်ကိစ္စတစ်စုံတစ်ရာကြောင့် ပေးအပ်သောတာဝန်များကိုလည်းကျေပွန်စွာထမ်းဆောင်ကြစေရန်၊ မိမိဌာနလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာ၌ တာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝဖြင့် ကျေကျေပွန်ပွန်ဆောင်ရွက်ကြရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းနှင့်ပတ်သက်၍ သေချာစိစစ်ပြီးမှတင်ပြရန်၊ တင်ပြရမည့်စာရင်းဇယားများကိုသတ်မှတ်အတွင်းအချိန်မီတင်ပြကြရန်၊ ချေးငွေနှင့်ပတ် သက်၍လုပ်ထုံးလုပ်နည်းနှင့်အကျိုးအကြောင်း အချက်အလက်ပြည့်စုံအောင်စိစစ်တင်ပြရန်ပြောကြားကာ တက်ရောက်လာသောကော်မတီအဖွဲ့ဝင်များမှ မိမိတို့ဆောင်ရွက်နေသောလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကာ မြို့နယ်ကော်မတီအဖွဲ့ဥက္ကဋ္ဌမှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သိန်းသိန်း(လောင်းလုံး)