ခန္တီး စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကိုဗစ်-၁၉ ရောဂါမဖြစ် ပွားရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နှာခေါင်းစည်း (Mask) များအခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းကို ကမ်းနားလမ်းနှင့် လမ်းဆုံနေရာများတွင် အသိပညာပေးကာလ ရက်သတ္တပတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အသိပညာပေးကာလပြီးလျှင် ပြည်သူများနေအိမ်မှ အိမ်ပြင်ထွက်ရာတွင် နှာခေါင်းစည်းမတပ်ဘဲ သွားလာပါက စက်တင်ဘာ ၂၈ ရက် တနင်္လာနေ့မှစ၍ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလှမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးကော်မတီများ၊ လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ခရိုင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့ပူးပေါင်းလျက် အသိပညာပေးလုပ်ငန်းများဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)