ရွှေသောင်ယံမြို့ Facility Quarantine Center မှ (၅)ဦး (၁၄)ရက်ပြည့်မြောက်၍ ကျန်းမာကြောင်း ထောက်ခံချက်လက်မှတ် ပေးအပ်

ရွှေသောင်ယံ စက်တင်ဘာ ၂၄

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ.ထ.က ရွှေသောင်ယံတွင် Facility Quarantine ဝင်ရောက်နေသူ (၅)ဦးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်နှင့်အညီ နေထိုင်ခဲ့ပြီး ယနေ့တွင် (၁၄)ရက်ပြည့်မြောက်သည့် အတွက် ရွှေသောင်ယံမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးဆိုင်းနော်နော်၊ တိုက်နယ်ဆရာဝန်နှင့် တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျန်းမာကြောင်း ထောက်ခံချက်လက်မှတ်များ ပေးအပ်ပြီး နေအိမ်သို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ မိမိနေအိမ်သို့ ပြန်လည်နေထိုင်ခွင့်ပြုရာတွင် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်နေထိုင် စားသောက်ရန်၊ မိမိတို့အိမ်တွင်သာ တစ်ပတ်နေထိုင်ပေးရန်တို့ကို တာဝန်ရှိသူများက အသေးစိတ် မှာကြားပေးခဲ့သည်။

အ.ထ.က ရွှေသောင်ယံ Facility Quarantine Center တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဆရာ၊ ဆရာမများ၊ Volunteer များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များဖြင့် နေ့/ညအလှည့်ကျ တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကိုကိုမောင် (ပြန်/ဆက်)