ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခရီးသည်တင်ယာဉ် လိုင်းများအား ယာယီပိတ်သိမ်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး

ငရုတ်ကောင်း စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ခရီးသည်တင် ယာဉ်လိုင်းများ အား ယာယီပိတ်သိမ်းနိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မော်တော်ယာဉ် လိုင်းပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ​မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်လင်းက မော်တော်ယာဉ်လိုင်းပိုင်ရှင်နှင့် ဂိတ်မှူးများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာ ၂၅ ရက်နေ့မှ စတင်ကာ ခရီးသည်တင်ယာဉ်လိုင်းများ ယာယီပိတ်သိမ်းပေးနိုင်ရန် ဆွေးနွေးခဲ့ပြီး မြို့မိ၊ မြို့ဖများနှင့် ပရဟိတအသင်းအဖွဲ့များက ကုန်တင်ယာဉ်များကို မြို့ပြင်သတ်မှတ်နေရာများ၌ ထားရှိစေပြီး ကုန်ပစ္စည်းများ ကို မြို့တွင်းသို့ တစ်ဆင့်ခံသယ်ယူ ပို့ဆောင်နိုင်ရေးစနစ်ဖြင့် ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 ပြုံးမောင်မောင်(ပြန်/ဆက်)