မြဝတီမြို့ အထက(၁)ကျောင်း၌ မြို့နယ်ပညာရေးစုံညီပွဲတော်ကျင်းပ

မြဝတီ ဇန်နဝါရီ ၁၅

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်ကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်၉ နာရီက ကျင်းပ ပြုလုပ်ကြောင်း သိရသည်။ 

အခမ်းအနားကို မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဦးစိန်သောင်း၊ ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဦးအောင်မင်းစိုး၊ မြို့နယ်ပညာရေးမှူးဦးမြင့်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ 

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဦးစိန်သောင်း၊ ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဦးအောင်မင်းစိုးတို့က အသီးသီးအဖွင့် အမှာစကား ပြောကြားသည်။ 

ဆက်လက်၍ မြို့နယ်ပညာရေးမှူးဦးမြင့်ဦးက ပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့်မြို့နယ် ကျောင်းစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပညာရပ်နယ်ပယ်အလိုက် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဦးစိန်သောင်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးကြပြီး ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆက်လက်ဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)