ငွေဆောင် စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဒေသနေပြည်သူများ ကိုဗစ် -၁၉ ရောဂါမှ ကင်းဝေးစေရန်၊ ဆင့်ပွားကူးစက်မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ကာ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။
ငွေဆောင်မြို့အတွင်းသို့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာနေသော ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်း၊ သွားရောက်မည့် ခရီးစဉ်သွား ကိုယ်ရေးရာဇဝင်များ မှတ်တမ်းရယူခြင်း၊ ခရီးသွားထောက်ခံစာများ စစ်ဆေးခြင်း၊ နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိသူများအား နှာခေါင်းစည်း စနစ်တကျ တပ်ဆင်စေခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား ထပ်ဆင့်အသိပညာပေး ဆွေးနွေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။
မူမူသွင်(ပြန်/ဆက်)