ရွှေဘို ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ရွှေဘိုအတွေး ရွှေဘိုသွေး စာပေအနုပညာမဂ္ဂဇင်း အမှတ်(၃)၊ ၂၀၂၂ ခုနှစ်စာအုပ်မှ ဆရာအောင်ဘုန်းညို (ရွှေဘို) ရေးသားထားသည့် "ဖိုးသူတော်လက်ချက်ဦးမှာစိုးတယ်" ဆောင်းပါးဖြင့် ယနေ့နံနက် (၁၀) နာရီက စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ရွှေဘိုမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ စာရေးဆရာ အောင်ဘုန်းညိုက အဖွင့်အမှာစကားပြောကြားပြီး ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ကိုဆွေးနွေး ပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများမှ "ဖိုးသူတော်လက်ချက်ဦးမှာစိုးတယ်" ဆောင်းပါးပါ အကြောင်းအရာများကို မိမိတို့ကိုယ်ပိုင်အတွေးအမြင်များဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေဘိုခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ အသိဉာဏ်ပညာဗဟုသုတများတိုးပွား လာစေရန်နှင့် မျိုးဆက်သစ်လူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာရေးဆရာများ၊ (Book Club) စာပေမြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းများနှင့် အသိပညာပေးဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)