ကလေး စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်နိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ အစည်းအဝေးခန်း မတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေးခရိုင် ကိုဗစ်-၁၉ကပ်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ကလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက အဖွင့်အမှာစကား ပြောကြားခဲ့ သည်။ ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမ (ခ) ဒေါ်ရှားမီး၊ ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါက်တာ စိုးမိုးထွေး၊ ခုတင် ၃၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မျိုးဝင်းနှင့်တက်ရောက် လာကြသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ကလေးမြို့အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုမရှိစေရေးတို့အတွက် ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုထိန်းချုပ်ရေးအတွက် Community Base Facility Quarantine Centre (၄၅) ခု ဖွင့်လှစ်ထားရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ (၅) တို့ ဦးအား ကလေးမြို့ ခုတင် ၃၀၀ ဆံ့ဆေးရုံကြီး (တိုင်းရင်းဆေးရုံ) တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)