မြိတ်မြို့နယ် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲ ကျင်းပ

မြိတ် ဇန်နဝါရီ  ၁၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အထက (၁)မြိတ် ပညာ့ဗိမာန်ခန်းမတွင် ကျင်းပခဲ့ပြီး မြို့နယ်/ခရိုင်/တိုင်းဒေသကြီးနှင့် ဗဟိုအဆင့် ပြိုင်ပွဲများတွင် ထူးချွန် ဆုရရှိ‌သောကျောင်းသား/သူများအား ထူးချွန်ဆု ချီးမြှင့်ချီးမြှင့်ခဲ့ကြသည်။

စုံညီပွဲတော်ကို အထက(၃) Great (10) ကျောင်းသား/သူများမှ" ဘက်စုံပညာကိုရည် တို့လှမ်းချီ " သီချင်း သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ထိုနောက် မြိတ်ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်က အမှာစကား ပြောကြားသည်။ စုံညီပွဲတော်တွင် မြိတ်မြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ သူများက အနုပညာ အက အလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထို့အတူ မြို့နယ်/ခရိုင်/တိုင်းဒေသကြီးနှင့် ဗဟိုအဆင့် အထိမ်းအမှတ် ပြိုင်ပွဲများ၊ လူရည်ချွန်၊ အဆိုအက အရေးအတီး ပြိုင်ပွဲ၊ ဘာသာရပ်စွမ်းရည်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင်  ထူးချွန်ရရှိကြသော ကျောင်းသား/သူ များအား ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )