ဟင်္သာတ စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် သမဝါယမ ဦးစီးဌာနနှင့် မြို့နယ်အသင်းစု မိသားစုတို့ စုပေါင်းပြီး ကိုဗစ်-၁၉ ကာလတွင် အနှေးယာဉ် လုပ်သားကြီးများ တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ စားသောက်ကုန်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ ရုံးရှေ့ရှိ ပါဆယ်လမ်းမကြီးပေါ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် မြို့နယ်သမဝါယမ ဦးစီးမှူး ဦးကြည်လင်၊ အသင်းစုဥက္ကဋ္ဌ ဦးခင်မောင်ကြည် နှင့်အဖွဲ့ဝင်များက တစ်ဦးလျှင် ဆန်(၁)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်သွန်နီ (၅၀)ကျပ်သားနှင့် စားတော်ပဲ(၂)လုံးနှုန်းဖြင့် အနှေးယာဉ်လုပ်သား (၂၀၀)ဦးတို့ လက်ဝယ်သို့ ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းနောက် သမဝါယမမိသားစု စုပေါင်းအဖွဲ့က ဟင်္သာတ(ဘိုးဘွားရိပ်သာ)နှင့် ခိုလှုံရာခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာတို့ကို ဆန်(၁)အိတ်၊ ဆီ(၅၀)ကျပ်သား(၁)ဗူးနှင့် ပြည်တွင်းနှင့် ပြည်ပ ပြန်များထားရှိသည့် စောင့်ကြည့်ရေး စင်တာ(၃)နေရာရှိ Volunteer များနှင့် Quarantine ဝင်နေရသူ စုစုပေါင်း(၁၀၀) ဦးခန့်အတွက် လဘက်ရည်နှင့် မုန့်များကို သွားရောက် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)