ကျီခါး စက်တင်ဘာ၂၄
ချင်းပြည်နယ်၊ ကျီခါးမြို့တွင် အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ နေရပ်ပြန်သူများအား စနစ်တကျလက်ခံပြီး Quarantine Center များ၌ အသွားအလာ ကန့်သတ်ထားပြီး ကျန်းမာရေး စောင့်ကြည့်ဆောင်ရွက် လျက်ရှိရာ လက်ရှိတွင် Quarantine Center အမှတ်(၂)၌ Quarantine ၀င်ရောက် သူများ သတ်မှတ်ကာလပြည့်သဖြင့် ပြန်လည်စေလွှတ်ထားပြီးဖြစ်ရာ အဆိုပါနေရာ သန့်ရှင်းသာယာရေးနှင့် ထပ်မံ၀င်ရောက်လာမည့် နေရပ်ပြန်များအား စနစ်တကျ ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ယနေ့ နံနက် (၇) နာရီအချိန်က မြို့အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေး၀န်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် Quarantine Center အမှတ်(၂)ဖြစ်သော ကျီခါးမြို့ (C.L.B.C) နှစ်ခြင်းအသင်းတော် မူကြိုကျောင်း အတွင်း/အပြင် သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ယခင် Quarantine ၀င်ရောက်သူများ အသုံးပြုခဲ့သော စောင်၊ ခြင်ထောင်နှင့် အိပ်ယာခင်းစသည့် အသုံးအဆောင်ပစ္စည်းများ စနစ်တကျ လျှော်ဖွတ်ဆေးကြောခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ထပ်မံ၀င်ရောက်လာမည့် နေရပ်ပြန် များအား စနစ်တကျ ထားရှိဆောင်ရွက်နိုင်ရေး လုပ်ငန်းများကို ကျီခါးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီအဖွဲ့၀င်များ၊ ပြည်သူ့ကျန်းမာရေး ၀န်ထမ်းများပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုလက်ရှိတွင် အိန္ဒိယနိုင်ငံမှ ပြန်လည်၀င်ရောက်လာ၍ ကျီခါးမြို့ Quarantine Center ၌ အသွားအလာကန့်သတ်ပြီး ကျန်းမာရေး စောင့်ကြည့်ခံရသည့် နေရပ်ပြန်စုစုပေါင်း (၁၅) ဦးရှိကြောင်း ကျီခါးမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)