ကလေ စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်းအသိအမှတ်ပြု ဂေဟာများသို့ စစ်ကိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီမှ ဆန်အိတ် (၄၀) အား ယမန်နေ့က ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ ပေးပို့ထောက်ပံ့လှူဒါန်းခဲ့သော ဆန်အိတ်(၄၀)အား ကလေးမြို့နယ်အတွင်း ဖွင့်လှစ် ထားရှိသော လူမှုဝန်ထမ်း အသိအမှတ်ပြုဂေဟာများ ဖြစ်သည့် ယုံကြည်ခြင်း ဂေဟာ၊ ဧရိပ်မွန ်ဂေဟာ၊ သာစည် လူငယ်ဖွံ့ဖြိုးရေးဂေဟာများသို့ ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ချို၊ ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျုံးလျန်ထန်း၊ ကလေးခရိုင်လူမှု ဝန်ထမ်းဦးစီးမှူး ဒေါ်ခင်မေဦးတို့က ထောက်ပံ့လှူဒါန်း ပေးအပ် ခဲ့ကြရာ သက်ဆိုင်ရာဂေဟာများ မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြ ကြောင်းသိရသည်။
မာန်လမ့်တွောင် (ပြန်/ဆက်)