သဲကုန်းမြို့နယ်၌ သက်တမ်းလွန်ဆေးဝါးနှင့် တားမြစ်ဆေးဝါးများ ဥပဒေနှင့်အညီ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်

သဲကုန်း ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီ (FDA) အဖွဲ့မှ သဲကုန်းမြို့ပေါ်ရှိဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား သက်တမ်းလွန်ဆေးဝါးနှင့်  တားမြစ်ဆေးဝါးများ ဥပဒေနှင့်အညီရောင်းချမှု ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက လိုက်လံစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီ (FDA) အဖွဲ့မှ မြို့ပေါ်ရှိဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်တို့အား သက်တမ်းလွန် ဆေးဝါးများရောင်းချမှု ရှိ/မရှိ တားမြစ်ဆေးဝါးများရောင်းချမှု ရှိ/မရှိ တို့ကို လိုက်လံစစ်ဆေးပြီး ဥပဒေနှင့်အညီ ရောင်းချရန်နှင့် ကျန်းမာရေး အသိပညာပေးခြင်းများကိုပါ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး