ရေတာရှည် ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ဆွာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်က စားသုံးသူတာဝန်နှင့် အခွင့်အရေးများ ခေါင်းစဉ်ဖြင့်လည်းကောင်း တောင်ငူခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးငွေစိုးက အားကစားနှင့် ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးဆုစံက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေး ဆွေးနွေး ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များနှင့် စားသုံးသူရေးရာအသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ပြီး အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ ဆက်)