ကျိုက်လတ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေး

ကျိုက်လတ် စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ ရွာသာယာ၊ ..က တွင် ယနေ့နံနက် နာရီမှစ၍ လှည်းဆိပ်ကျေးရွာအတွင်းရှိ ပြည်သူများ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို သစ္စာ စီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်  ကျန်းမာရေးဦးစီးဌာန ညွှန်ကြားချက်များနှင့်အညီ စီစဉ်ထားရှိပြီး ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန်အတွက် မဲစာရင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေနှင့် ဝန်ထမ်းများက လှည်းဆိပ်ကျေးရွာအတွင်းရှိ ပြည်သူများ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ရန် လာရောက်လျှောက်ထားခြင်းနှင့် အသက်ပြည့် လာရောက် လဲလှယ်ခြင်းတို့အတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရီရီမြင့် (ပြန်/ဆက်)