အိမ်မဲမြို့နယ် အ.ထ.က (၁) ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မြို့နယ် အဆင့်ပညာရေး စုံညီပွဲတော်နှင့် ပြပွဲ၊ ပြိုင်ပွဲ များဆုချီးမြှင့်ပွဲ ကျင်းပ

အိမ်မဲ ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၁)ကျောင်း ရွေညီလာခန်းမတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပြပွဲ၊ ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားပြောကြားပေးပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဝင်းက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဆုချီးမြှင့်ပွဲကျင်းရာ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူများ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် မြို့နယ်အဆင့်၊ တိုင်းအဆင့်တွင် ရွေးချယ်ခံရသူများ၊ တိုင်းအဆင့် အားကစားဆုရသူများနှင့်ပြပွဲ၊ ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၂)ဦးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့် ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အ.ထ.က (၁) ၊ (၂) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး အခမ်းအနားသို့ စုစုပေါင်းအင်အား (၅၀၀)ဦးခန့် တက်​ရောက်ခဲ့သည်။

ချစ်သက်လယ်(အိမ်မဲ)