ကလေး စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာတွင် မီးဖို မီးကြွင်းမီးကျန်မှမီးစတင်ကူး စက်လောင်ကျွမ်းမှုကြောင့် ယမန်နေ့ ည ၉ နာရီ ၄၅ မိနစ် အချိန်တွင် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာနေရာသို့ ကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုဌေး၊ ကလေးခရိုင်မီးသတ်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးဘိုဘိုဝင်းတို့ ဦးဆောင် သော မီးသတ်တပ်ဖွဲ့ဝင် (၁၀) ဦးတို့သည် မီးငြိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး တို့ဖြင့် သွားရောက် ငြိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသတ်ပြီးစီးခဲ့ပြီး မီးလောင်မှုကြောင့် အလျား ၁၈ပေ၊ အနံ ၂၇ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ ခြေတံရှည် (၁) ထပ်ဖြစ်သော လူနေအိမ်တစ်လုံး၊ ကာလတန်ဖိုး ၅၇ဝဝဝဝိ/-(ငါးသိန်းခုနှစ်သောင်းကျပ်ခန့်) ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာသို့ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျုံးလျန်ထန်း၊ ကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုဌေး၊ ကလေးခရိုင်မီးသတ် ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိဦးဘိုဘိုဝင်း၊ ကလေးမြို့ မြို့မရဲစခန်းမှ ရဲအုပ်ဘိုဘိုအောင်နှင့် စက္ကန့်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ ပူးပေါင်းစစ်ဆေးခဲ့ရာ မီးလောင်မှုဖြစ်စဉ်တွင် တာဝန်ရှိသူ ဖြစ်သော ဦးစံသောန်အား ရဲစခန်း(ပ) အမှတ်၊ ၈၄၄/၂၀၂၀ (၂၈၅) ဖြင့် ကလေးမြို့ မြို့မ ရဲစခန်းတွင် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မာန်လမ့်တွောင်(ပြန်/ဆက်)