ကသာမြို့တွင် (Mask) တပ်ဆင်ခြင်း မရှိဘဲ အပြင်ထွက် သွားလာသူများအား အရေးယူခြင်း ဆောင်ရွက်

ကသာ   စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများပါဝင်သော မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ အပြင်ထွက်သွားလာသူများအား ယနေ့ နံနက်(၉)နာရီ အချိန်ခန့်က အရေးယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကသာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပ သို့ ထွက်ခွာသွားလာရာတွင် ပါးစပ်/နှာခေါင်းစည်း (Mask) များ တပ်ဆင်ပြီး အပြင်ထွက် သွားလာခြင်း ရှိ/မရှိကို စစ်ဆေးပြီး နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ အပြင်ထွက် သွားလာ သူများအား အရေးယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထို့အပြင် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ အသိပေး နှိုးဆော်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာများအတွင်း လိုက်လံနှိုးဆော် ပေးလျက်ရှိကြောင်း သိရသည်။

ရဲအောင် (ပြန်/ဆက်)