သနပ်ပင် စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်မှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ လိုက်နာစေရန် အတွက် မြို့နယ် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ အချိန်မှ စ၍ မြို့ပေါ်ရပ်ကွက်အလိုက် ပြည်သူများအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအား ကိုဗစ် ၁၉ ရောဂါကူးစက်မှုမရှိစေရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ မလိုအပ်ပဲ အိမ်ပြင်ပသို့မထွက်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ နေထိုင်ရန်၊ အပြင်ကပြန်လာပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စက္ကန့် (၂၀) ကြာအောင် စနစ်တကျ ဆေးရန်၊ အပြင်သို့သွားမည်ဆိုပါက နှာခေါင်းစည်း(Mask) တပ်ဆင်ပြီးမှ သွားလာရန် စသည့် ကိုဗစ်−၁၉ရောဂါ ကာကွယ်သည့်နည်းလမ်းများကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ကြရန် အတွက်အသံချဲ့စက်ဖြင့်အသိပေးလိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်းသိရှိရသည်။
လှမိုး(သနပ်ပင်)