၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အ.ထ.က (၁) ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

ကန့်ဘလူ ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကွင်းပြင်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့ နံနတ် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် Grade - 11 ကျောင်းသားကျောင်းသူများက ပညာရေးစုံညီပွဲတော်သီချင်းဖြင့် သီဆိုကာ အခမ်းအနားကိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က အမှာစကားပြောကြားပြီး အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာဦးက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ကျောင်းတွင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်နှင့် ကျောင်းတွင်းပြိုင်ပွဲများတွင် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပညာရည်ချွန်ဆုနှင့် အားကစားပြိုင်ပွဲများ၌ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်ထက်နိုင်မြင့်နှင့်တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ကျောင်းသားကျောင်းသူများက အကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ဆုရရှိသူ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)