ဖျာပုံ ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အိမ်ထောင်စုလူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်းစာရင်းများ ဆက်လက်ကောက်ယူနေမှုကို ယမန်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်အတွင်းအိမ်ထောင်စုလူဦးရေ စာရင်းကောက်ယူနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး၊ လိုအပ်ချက်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ လိုက်လံကြည်ရှုအားပေးရာတွင် ခရိုင်/မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအေးကြိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံး၊ ဦးစီးအရာရှိဦးဇော်လွင်နှင့် ဝန်ထမ်များမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အိမ်ထောင်စုလူဦးရေ စာရင်းပြည့်စုံမှန်ကန်စေရေး၊ တစ်အိမ်တက်ဆင်း စာရင်းများကောက်ယူနေကြသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များအား၊ စာရင်းကောက်ယူရေး လုပ်ငန်းစဉ်များအဆင်ပြေ ချောမွေ့စေရေး လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်ဖျာပုံခရိုင်(ပြန်/ဆက်)